တောင်းပန်ပါတယ်
ကျွန်တော်နှင့်သားမက်ဖြစ်သူ Ewing တို့သည် အားကစားပြိုင်ပွဲများ သွားရောက် ကြည့်ရှုပါက အားကစားပွဲကို သာမက ဘေးဘီ ပတ်ဝန်းကျင်မှ လူများကို ကြည့်ရသည်ကိုလည်း နှစ်သက်ကြသည်။
လူများအနက် လူတစ်ဦးတွင် လူ့သဘော အကောင်းနှင့်အဆိုး နှစ်ခုစလုံးကို မြင်ရသည်။ ထိုလူက ထိုင်ခုံနေရာပျောက်နေပုံရသည်။ ထိုင်ခုံ လိုက်ရှာရင်း ကျွန်တော်တို့ရှေ့မှာကွယ်နေသည်။ ကျွန်တော်တို့ရှေ့ခုံမှ လူကလည်း သူ့မြင်ကွင်း ကွယ်နေသဖြင့် ထိုလူအား “ဘေးဖယ်ကွာ၊ ငါတို့မမြင်ရဘူး” ဟူ၍ပြောလိုက်သည်။
ထိုအခါ ထိုင်ခုံပျောက်နေသူက “ဆိုးပါတယ်” ဟူ၍ငေါ့လိုက်သည်။ နောက်တစ်ကြိမ် ထပ်မံ၍ ဖယ်ခိုင်းသောအခါ သူ့တုန့်ပြန်မှုက ပို၍ပြင်းထန်လာသည်။ နောက်ဆုံးတွင် ထိုလူထွက်သွားသည်။ ထို့နောက်တွင်မှ အံ့သြစရာအဖြစ်ကား ထိုင်ခုံပျောက်နေသူက လှည့်ပြန်လာပြီး သူကွယ်မိနေသူအား “ဒီမှာ ခင်ဗျား၊ ကျွန်တော် တောင်းပန်ပါတယ်။ ထိုင်ခုံရှာတာမတွေ့လို့ စိတ်ရှုပ်နေလို့ပါ” ဟု ပြောလိုက်သည်။ ထိုသူနှစ်ဦးလက်ဆွဲနှုတ်ဆက်ရင်း အဖြစ်အပျက်လေးက အေးဆေးစွာ ပြီးဆုံးသွားသည်။…
ဖိနပ်ကြိုး ချောင်မနေစေနှင့်
လူတစ်ဦး၏လုပ်ရပ်သည် တစ်ဖွဲ့လုံး အပေါ် သက်ရောက်မှု ရှိနိုင်သည်။ဂျာနယ် လစ် “စဘက်စ်ရှင်း ဂျန်ဂါ”သည် တပ်စုတစ်စု နှင့် လိုက်ပါရင်း ထိုအမှန်တရားကို ပို၍ ထင်ရှားစွာသိလာရသည်။ ရဲဘော်တစ်ဦးမှာ သူ့ဖိနပ်ကြိုးပြေပြီး တရွတ်တိုက်ဆွဲနေ၍ အခြားရဲဘော်က သူ့ကို သတိပေးရသည်။ မသေမသပ်ဖြစ်နေ၍ ဆူပူပြစ်တင်ခြင်း မဟုတ်ပါ။ ထိုသို့ဖြစ်နေခြင်းသည် တပ်စု တစ်စုလုံး ထိခိုက်နစ်နာစရာဖြစ်သွားနိုင်သော ကြောင့်ပါ။ သူ့ကို ခရီးစဉ်၌ အားထား၍ မဖြစ်၊ အရေးကြုံလာလျှင် သူတိုက်ပွဲ၌ ကျသွားနိုင် သကဲ့သို့ တစ်တပ်လုံးကျသွားနိုင်သည်။
အာခန်သည်လည်း ဖိနပ်ကြိုးပြေခဲ့သည်။ သူ့အဖြစ်မှ အပြစ်၏အဖိုးအခကို ဘယ်တော့မှ တစ်ယောက်တည်းမခံရကြောင်း သင်ခန်းစာရသည်။ ယေရိခေါမြို့ကို အောင်ပြီး အကြီးဆုံးအောင်မြင်မှုကို ရခဲ့ပြီးနောက် ထိုမြို့ကို မည်သို့စီရင်ရမည်၊ သိမ်းဆည်းရ သောရွှေငွေများကိုမည်သို့စီမံရမည်ကို ဘုရားက တိကျစွာ မိန့်ကြားခဲ့သည်(ယောရှု ၆း၁၈)။ ကျိန်အပ်သောအရာကိုရှောင်ပြီး ရွှေငွေများကို ဘုရားအဘို့သန့်ရှင်းစေကာ ဘဏ္ဍာတော်ထဲသွင်းထားရမည်…
ဖြစ်ပေါ်လာခြင်း
နာမည်ကျော် ထင်ရှားသူမရှိ၊ ပျားပန်း ခပ်သည့် စီးပွားရေးအချက်အခြာ မကျ၊ အပျော် အပါးမရှိသော နယ်မြို့ငယ် ဇနပုဒ်လေးတွင် ကျွန်မကြီးပြင်းခဲ့သည်။ သို့သော်ငြိမ်သက်ပြီး ရှုပ်ထွေးမှုမရှိသည့်ဘဝဖြင့် ကြီးပြင်းခဲ့ရ၍အမြဲ ကျေးဇူးတော် ချီးမွမ်းသည်။ တစ်နေ့တွင် ညစာ စားပွဲတစ်ခုသို့ ကျွန်မတို့ဇနီးမောင်နှံ တက် ရောက်ရာ၊ ထိုပွဲမှသိရသည့်မိတ်ဆွေသစ် တစ်ဦးက ကျွန်မဇာတိကိုမေးပြီး ကျွန်မအဖြေ ကို ကြားသော် သူက “ရှင်ဒီလို အမှန်အတိုင်း ပြောရတာ မရှက်ဘူးလား”ဟု မေးသည်။သူ နောက်တာလား၊ အတည်ပြောတာလား။ ကျွန်မ မဝေခွဲတတ်၊ “မရှက်ပါဘူး” ဟုသာ ပြန်ဖြေခဲ့သည်။
ကျွန်မ၏မြို့လေး၌ ခေတ်မီဆန်းပြားမှုမရှိ၍ သိမ်ငယ်သည့်ပမာ ဖြစ်ငြား လည်း အဓိကကျသည့်အရာများ မကင်းမဲ့ပါ။ ကျွန်မတို့မိသားစုသည် အသင်းတော်၌ ပါဝင်၍ မိဘများက သားသမီးများကို သခင်ဘုရား၏အလိုတော်နှင့်အညီ ဆုံးမသွန် သင်ကြသူများဖြစ်သည် (ဧ ၆း၎)။
သခင်ယေရှုကိုယ်တိုင်သည်လည်း နာဇရက်…
ချူးလစ်ပန်းနေ့
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအတော်များများ၌ နွေဥတုကို ကြိုဆိုသည့် ချူးလစ်ပန်းနေ့ကို ဆင်နွှဲကြသည်။ ချူးလစ်ပန်းကို တွေးလိုက် တိုင်း ၎င်း၏ဇာတိ နယ်သာလန်နိုင်ငံကိုပါ တွဲမြင်သည်။ သို့သော် ထိုပန်းများကိုစီးပွားဖြစ် ရောင်းဝယ်မှုမှာ အရှေ့အလယ်ပိုင်းဒေသမှ စတင်ခဲ့ပြီး၊ ယနေ့ တွင် ရောင်စုံခြယ်ပန်းများက ကမ္ဘာတစ်ဝှမ်းကို လွှမ်းခြုံလျက်၊ ခန့်မှန်း မျိုးစိတ်ပေါင်း ၁၀၉ မျိုးခန့်ရှိ ချူးလစ်ပန်းများကို ပန်းခြံများ၊ အိမ်များ၊ ခြံများ၊ လမ်းမကြီးများ၌ စိုက်ပျိုးလာကြပါပြီ။
မနှစ်က ဆောင်းရွက်ကြွေချိန်၌ ကျွန်တော် ချူးလစ်ပန်းဖူးလေးများစိုက်ခဲ့ သည်။ လအတန်ကြာသော် တောက်ပသည့် အရောင်အသွေးများနှင့် နွေရောက်တော့မည် ဟုကြေညာရင်း ဖူးပွင့်လာကြသည်။ နွေရာသီနှင့်အတူ မျက်စိပဿဒဖြစ်စေမည့် ပန်းမန်ကလေးများ ပို၍ပင်ဖူးပွင့်လာတော့မည်ဟု သတိပေးနေကြသည်။
ပန်းကလေးများသည် ကျွန်ုပ်တို့အသက်တာတွင် ဘုရားပြုခဲ့သည့် ကျေးဇူးတော်များကို ပြန်လည်အမှတ်ရရန် သတိပေးသည်။ ကောင်းကင်ဘုံအဖ၏ မစပေးသနားမှုများကို မေ့မသွားအောင် သတိရအောင် တောနှင်းပန်းများအားဖြင့် ကိုယ်တော်သတိပေးခဲ့သည်။…
ဘဝရာသီစက်ဝန်း
ကျွန်တော်သင်းအုပ်အဖြစ် ဆောင်ရွက် စဉ်က အမျိုးသမီး အထူးသဖြင့် မိခင်များ အတွက် အစေခံခဲ့သည်။ ဆေးရုံသို့သွားပြီး ၄င်းတို့ မွေးဖွားလိုက်သည့် အဖိုးတန်ရင်သွေး ငယ်များအတွက် သူတို့နှင့်အတူ ဝမ်းမြောက် သည်။ရတက်မအေးဖြစ်နေသည့် (ဆယ်ကျော် သက်များ၏) မိခင်များကို စောင်မ အကြံ ပေး ပြီး ၄င်းတို့၏နာခံမှုမရှိသော ဆယ်ကျော်သက် များကို ဘုရား စောင့်ရှောက် ကြည့်ရှုနေကြောင်း သတိပေးသည်။ ထိခိုက်ဒဏ်ရာရသည့် ကလေး၊ ဖျားနာသောကလေးများ၏မိခင်နှင့် အတူ လူနာကုတင်ဘေးရပ်ပြီး ၄င်းတို့၏ နာကျင်မှုကို မျှဝေခံစားသည်။ တစ်ဖန် သား သမီးများ ဆုံးပါးသွားသော် သူတို့နှင့်အတူ ငိုကြွေးဝမ်းနည်းရပြန်သည်။
သခင်ယေရှု၏မိခင် မာရိသည်လည်း ပျော်ရွှင်ချိန်နှင့် ပူဆွေးသောက ရောက်ချိန်များစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သူငယ်တော်ယေရှုဖွားမြင်ချိန်၌ မာရိ အလွန်ဝမ်းမြောက်ခဲ့လိမ့်မည် (လု ၂း၇)။ သိုးထိန်းများ၊ ပညာရှိများ၊ သူငယ်တော်ယေရှုကို လာရောက်ဖူးမြော်သည့်အခါ အလွန်စိတ်လှုပ်ရှားခဲ့လိမ့်မည်…
အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်
ကျွန်ုပ်၏ ရုံးခန်းထဲမှ အမှတ်တရ ပစ္စည်းများ၊ ဓာတ်ပုံများက အတိတ်ကို အမှတ်ရ စေကြောင်း မကြာမီကမှ ကျွန်တော်သိလိုက် သည်။ ၄င်းတို့ကို ဖယ်ရှားရန် စိတ်ကူးမိသော် လည်း လူများ၊ နေရာများ၊ အဖြစ်အပျက်များကို အမှတ်ရစေသည့် ထိုအမှတ်တရများသည် လွမ်းဆွတ်တမ်းတစရာအပြင် အခြား အကြောင်းရင်းတစ်ခုခုလည်း ဖြစ်နိုင်ကြောင်း ဆင်ခြင်မိသည်။ အတိတ်၌ နစ်မျောနေသည့် အဖြစ်မျိုးကို ရှောင်ကြဉ်နိုင်ရေး ထိုအမှတ်တရ များမှ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် တန်ဖိုး တစ်စုံတစ်ရာကို ရှာဖွေရန် လိုအပ်ပါသည်။
ယော်ဒန်ဖြစ်ကိုဖြတ်ပြီး ကတိတော် နယ်မြေသို့ ဣသရေလလူမျိုးများဝင်ရောက်ရာ၌ ဘုရားသခင်က ခေါင်းဆောင် ယောရှုအား လူ ၁၂ ဦးကို ရွေးကောက်ပြီး ယော်ဒန်မြစ်လယ်မှ ကျောက်တစ်လုံးစီ ကောက်ကာ ယနေ့စခန်းချရာအရပ်သို့ ယူဆောင်လာမည်ဟု မိန့်ကြားခဲ့သည် (ယောရှု ၄း၁-၅)။ ယောရှုက ဤကျောက်များကို သက်သေအဖြစ်စိုက်ထူပြီး၊ နောင်လာနောက်သားများက ဤကျောက်တုံးများ၏အဓိပ္ပာယ်ကိုမေးလျှင်…
အားပေးရန် စောင့်နေခြင်း
ကျွန်တော်လေ့ကျင့်ပေးသော အသင်းမှ ကစားသမားချာတိတ်တစ်ဦးသည် ပထမဆုံး Little League ဘေ့စ်ဘောပြိုင်ပွဲ၌ မျက်နှာကို ဘောလုံးမှန်သွားသည်။ ဒဏ်ရာမရလည်း သူလန့်သွားပြီး ကျန်သည့်ပွဲစဉ် တစ်လျှောက်လုံး သူ ဘောလုံးကြောက်နေခဲ့သည်။ ပွဲစဉ် တစ်ခုပြီး တစ်ခု သူကြိုးစား ကစားသော်လည်း ဘောလုံးကို ထိထိမိမိ မရိုက်နိုင်ခဲ့ပါ။
နောက်ဆုံးပွဲ ကစားရမည့်နေ့တွင် ကျွန်တော်တို့အသင်းမှာ အားပေးစရာအကြောင်း မရှိ၊ မျှော်လင့်စရာမရှိ။ ဘိတ်ချေးပါ။ သို့ငြား ထိုချာတိတ်လေးက သူ့အလှည့်တွင် ရုတ်တရက် ရှေ့သို့ထွက်လာပြီး ဘောလုံးကို သွက်လက် လျှင်မြန်စွာရိုက်လိုက်ရာ ပွဲအနေအထားပြောင်း သွားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် လူတိုင်းအံ့အားသင့်သွားပြီး သူ့ကစားဖော်များပင် အုတ်အုတ်သဲသဲဖြစ်သွားကာ သူ့မိဘနှင့် အခြားမိဘများက သူ့ကို အော်ဟစ်အားပေး ခဲ့ကြသည်။ ကျွန်တော်တို့အသင်းရှုံးနေလည်း ကျွန်တော်ဝမ်းသာလွန်း၍ခုန်ပေါက်အော်ဟစ်ခဲ့သည်။ ကျွန်တော်တို့အားလုံး ထိုကလေးငယ်ကို ချစ်သွားပြီး သူ့ကိုချီးကျူးကြသည်။
အသက်တာများ၌လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို အားပေးနေကြောင်း ကျွန်ုပ်တွေးမိသည်။…
ဖေဖေ...မစိုးရိမ်ပါနှင့်
လွန်ခဲ့သော နွေရာသီက ကျွန်မတို့ ဇနီးမောင်နှံသည် ကလေးငယ်များ၌ ဖြစ်သော ကင်ဆာရောဂါ သုတေသနလုပ်ငန်းအတွက် ရန်ပုံငွေရှာရန် ပွဲတစ်ပွဲ စီစဉ်ခဲ့သည်။ ထိုပွဲကို ကျွန်မတို့ အိမ်နောက်ဖက်ခြံဝင်းထဲကျင်းပရန် စီစဉ်ခဲ့သော်လည်း ရုတ်တရက် ရာသီဥတုဖောက် လာသဖြင့် ဖျော်ဖြေပွဲမစမီ နာရီပိုင်းအလိုတွင် ဖိတ်ထားသော ဧည့်သည် ၁၀၀ ကျော်အား နေရာပြောင်းသွားကြောင်း ဖုန်းဆက်လိုက်သည်။ မိတ်ဆွေများ၊မိသားစုဝင်များက အလှဆင် ပစ္စည်းများ၊ အစားအသောက်၊ တန်ဆာပလာ များကို အိမ်မှ အသင်းတော် အားကစားခန်းမသို့ ပြောင်းရွှေ့နေစဉ် သမီး ရိုစီက ကလေးများနှင့် မြေးလေးများကိုယ်စား သူမ၏ ဖခင်အား ပွေ့ဖက်လိုက်ပြီး “အဖေ၊ စိတ်မပူနဲ့၊ ကျွန်မတို့ အားလုံး အဖေနဲ့အတူ ရှိတယ်” ဟု အားပေးသတိပေးခဲ့သည်။
ထိုအားပေးစကားကို ကြားရခြင်းက အသက်တာ၌ တစ်ဦးတည်း ရပ်တည် နေခြင်းမဟုတ်ကြောင်း သတိရစေသောကြောင့် စိတ်သက်သာ နှစ်သိမ့်ရာပင်။…
ရွှေလင်းတ
ကျွန်တော့်သား မာခ့်နှင့်ကျွန်တော်သည် ဝိုးမင်း ဒေသရှိ “ကလိုက် ပီတာဆန်” မွေးမြူရေး ခြံကြီးမှ မီချီဂန်ပြည်နယ်သို့ ပြန်လာရာ၊ ချောက် ကမ်းပါးအပေါ်၌ အထီးတည်းပေါက်နေသည့် သစ်ပင်ကြီးပေါ်တွင် ဧရာမငှက်အုပ်ကြီး နားနေ သည်ကို ကျွန်တော်တို့ အဝေးမှမြင်ခဲ့သည်။ ကျွန်တော်တို့ ထိုအပင်အနီးသို့ ရောက်လာစဉ် သစ်ပင်ပေါ်မှ ရွှေရောင်သိမ်းငှက်ကြီးက နား နေရာမှ ပျံထွက်ပြီး ချောက်ကမ်းပါးပေါ်ဖြတ်ကာ ကောင်းကင်သို့ တစ်ဟုန်ထိုးပျံတက်သွားရာ နံနက်ခင်းနေရောင်တွင် ရွှေရောင် ကွန့်မြူးသော တောင်ပံမှ ရွှေရောင်အလင်းတန်းများ ဖြာထွက် သည့်ပမာ တောက်ပနေသည်။ ၄င်း၏ အံ့ဘွယ် အရွယ်အစားနှင့် လှပခန့်ညားတင့်တယ်မှုကို ကျွန်တော်တို့ မိန်းမောသွားရပြီး ဘုရား သခင်၏အံ့သြဘွယ် ကြီးမြတ်အံ့မခန်းသောဖန်ဆင်းခြင်းလက်ရာကို မျက်မြင်တွေ့ရှိ ရသည့် အခွင့်ထူးဟု ခံစားခဲ့ရသည်။
ဖန်ဆင်းခြင်းက ဘုရားသခင်၏အံ့ဘွယ်အမှုတော်တို့ကို ဖော်ပြနေသည် (ဆာ ၁၄၅း၅)။ ထိုအမှုတော်တို့ကို ဆင်ခြင်သောအခါ ကျွန်တော်တို့၏ စိတ်၊…
ကိုယ်တော်ကို ယုံကြည်နိုင်သည်
ညှင်းပန်းနှိပ်စက်ခြင်းအကြောင်း ကျွန်မ သိပ်မသိပါ။ မိမိယုံကြည်လက်ခံသည့် အရာကြောင့် တစ်ခါမှ အသားမနာဖူး။ ညှင်းပန်း နှိပ်စက်မှုအကြောင်း ကြားဖူး၊ ဖတ်ဖူးရုံသာ ရှိသည်။ သို့သော် ကမ္ဘာတစ်ဝန်းရှိ ကျွန်မတို့၏ ညီအစ်ကို၊ မောင်နှမများမှာမူ ထိုသို့မဟုတ်။ အချို့က ယေရှုကိုချစ်ပြီး လူတို့ သခင့်အား သိရန် ဆန္ဒရှိသောကြောင့် နေ့စဉ်နှင့်အမျှ အန္တရာယ်ကြားတွင် အသက်ရှင်နေရသည်။
အသက်ခန္ဓာကို ခြိမ်းခြောက်ခံရခြင်း မဟုတ်ဘဲ၊ နှလုံးကြေကွဲရခြင်းက ညှင်းပန်း နှိပ်စက်မှုတစ်ခုဖြစ်ပြီး ခရစ်ယာန်မဟုတ်သော မိသားစုဝင်များ၏ ညှင်းဆဲမှုကြောင့် ကြေကွဲ ရခြင်းဖြစ်သည်။ မိမိချစ်ခင်ရသူများက ကျွန်ုပ် တို့၏ယုံကြည်မှုကို လှောင်ပြောင်ပြီး ဘုရားသခင်အပေါ်ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာကို မထီမဲ့မြင်ပြုသောအခါ ငြင်းပယ်ခံရပြီး မုန်းတီးခံရသည်ဟု ခံစားရသည်။
ရှင်ပေါလုက ယုံကြည်သူများအား ခရစ်တော်နောက်သို့ လိုက်လျှောက် ခြင်းသည် နှိပ်စက်ညှင်းဆဲခြင်းကို ခံရမည်ဖြစ်ကြောင်း (၂ တိ ၃း၁၂)၌ “ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌…